သတင်းများ

သိန္နီမြို့နယ်၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က  စတင်၍ ကျင်းပခဲ့သည်။
သီပေါမြို့နယ်၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း စနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့်အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကိုစနစ်တကျ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ပညာရေးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 07,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့က  အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေနွေးပွဲ ကျင်းပ
Jan 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယမန်နေ့ညနေ ၁၅:၃၀အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန. Community Centre ခန်းမ၌  လူဦးရေစာရင်းမှန်ကန်စေရေအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် အားကစားထူး ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္ဿာတမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ဟင်္သာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် အားကစားထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် အားကစားထူး ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္ဿာတမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ဟင်္သာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် အားကစားထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပပါသည်။
ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်)၌ မြိုနယ်အဆင့် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမ၌ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။