သတင်းများ

ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့က အ.ထ.က မက်မန်း ကျောင်းအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  (Talk Show)ကျင်းပ
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ်အကြို သုတေသန စာတမ်းဖတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ
Jun 11,2022
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ်အကြို သုတေသန စာတမ်းဖတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို တောင်ငူတက္ကသိုလ် ခွာညိုဆောင် ၊ သဇင်ဆောင် (ကျောင်းသူဆောင်) မိသားစုက ယနေ့ ဇွန်လ ၁၀ ရက်နေ့က ကျင်းပရာ ပါမောက္ခချုပ်က အခမ်းအနားများအား ဖွင့်လှစ်ပေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲများနှင့် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှူအားပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် စူဠဝဂ္ဂပါဠိ ဘာသာအား သံဃာတော်နှင့် သီလရှင်များ ဝင်ရောက်ဖြေဆို  
Jun 11,2022
ရန်ကင်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်စာမေးပွဲကို    ယမန်နေ့ မွန်းတည့် ၁:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းစေတီတော်ဝန်းအတွင်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများ အလှူငွေ၊ အာဟာရဖြစ် အစားအသောက်များလှူဒါန်း
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား/သူများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ
မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၂ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်
Jun 11,2022
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား ကြည့်ရှုအားပေးကြည်ညို
Jun 11,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၁)နာရီက စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတိုက်အတွင်း နိကာယ်စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေး ကြည်ညိုခဲ့ကြကြောင်း သိရသည်။