လှိုင်သာယာ (အရှေ့ပိုင်း) ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို အမှတ် (၆) ရပ်ကွက် မာန်အောင်ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းကောက်ယူလျက်ရှိသည်။
အဆိုပါ မြေပြင်တစ်အိမ်တက်တစ်အိမ်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊အရန်မီးသတ်၊ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း၊ လူမှုရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များမှ အိမ်ထောင်စုစာရင်းများ မှန်ကန်စေရေး အတွက် သတ်မှတ်စာရင်းပုံစံများနှင့် ဖြန့်ဝေပုံစံများတို့ဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည် ဖြစ်သည်။
မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လှိုင်သာယာ (အရှေ့ပိုင်း )မြို့နယ်တွင် ရပ်ကွက်(၉) ခုနှင့် ကျေးရွာအုပ်စု (၅)ခု စုစုပေါင်းကျေးရွာအုပ်စု ၁၄ ခုတို့မှ အိမ်ထောင်စုစာရင်း ကောက်ကွက်(၁၈၀)ရှိရာ ဆက်လက်၍ တစ်ပြိုင်နက်တည်း တစ်အိမ်တက်ဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝင်းမူ (ပြန်/ ဆက်)