အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်း ရွေညီလာခန်းမတွင် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုးတို့က အဖွင့်အမှာစကားများ အသီးသီပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်ကျင်းပရာ လူရည်ချွန်ဆု (၆) ဆု၊ အင်္ဂလိပ်စာ သင်္ချာစွမ်းရည်ဆု (၂၂) ဆု၊ စာစီစာကုံး ကဗျာပန်းချီဆု (၇၂) ဆု၊ ဆရာ၊ ဆရာမများ၏ကျောင်းတက်ရက်မှန်ဆု၊ အတန်းမှူးဆု၊ လုပ်အားစေတနာရှင်ဆုနှင့် သန့်ရှင်းရေးအကောင်းဆုံးအသင်းဆု (၁၆) ဆုတို့ကို မြို့နယ်ပညာရေးမှူးဆရာမကြီး၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က (၁) အိမ်မဲကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ၊ ထာဝရမြန်မာသီချင်းများ၊ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ)