သတင်းများ

ချမ်းမြသာစည်မြို့နယ်၊ မြေပြင်ကွင်းဆင်း‌စာရင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jan 06,2023
‌မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်လူ၀န်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနနှင့် ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမမှာ ယနေ့ နံနက် ၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ
Jan 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ဇန်နဝါရီလ(၄)ရက်နေ့ နံနက် ၄နာရီ ၂၀မိနစ် အချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့ကဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားဒုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 06,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာ၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားဒုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။
လားရှိုးမြို့တွင် လူငယ်စကားဝိုင်းကျင်းပ
Jan 06,2023
လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအသိပညာဗဟုသုတများပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝင်းနိုင်အောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇန်နဝါရီလ(၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရန် အဆိုပြုထားသော ကျောင်းသို့ တာဝန်ရှိသူများမှ ဒုတိယအကြိမ် မြေပြင်ကွင်းဆင်းစစ်ဆေး
Jan 06,2023
ရှမ်းပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်တွင် Clean and Green School အဖြစ် အဆိုပြုထား​​​​​​သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)သို့ ယနေ့နံနက် ၁၀ နာရီက မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၂၀၂၂-  ၂၀၂၃ ပညာသင်နှစ် အလွတ်တန်းအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jan 06,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အလွတ်တန်း၊ အလယ်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အမှတ်(၅)  မြို့မအထက်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စေတုတ္တရာမြို့ အထကအခြေခံပညာအထက်တန်းကျောင်းတွင်  ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အထက အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမတွင် ယနေ့နံနက်၈နနာရီအချိန်က ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ကြောင်း သိရပါသည်။