မိုးကောင်း ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် (၉) နာရီတွင် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှအသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်း သူများအား ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ဆေးထိုးစုရပ်များဖြစ်သည့် အခြေခံပညာကျောင်းများ တွင် ကျောင်းခွဲများအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။
မိုးကောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၁၃၀) ကျောင်း၊ ဘ/က (၆) ကျောင်းတို့မှ ကျောင်းသား/သူ (၁၉၀၂၈) ဦးတို့အား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)