မြဝတီမြို့တွင် “လူငယ်စကားဝိုင်း” ကျင်းပ
Jan 18,2023
လူငယ်များငယ်ရွယ်စဉ်အချိန်မှစ၍ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်စေရန်၊ စာဖတ်စွမ်းရည်၊ ဆွေးနွေးနိုင်မှုစွမ်းရည်များမြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်အတွက် ရည်ရွယ်ကာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အောင်မြေရွှေဘုံတွင် ကျင်းပပြုလုပ်ခဲ့သည်။