သတင်းများ

ကော့မှူး၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က‌ကော့မှူး)၌  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါများဆိုင်ရာအသိပညာပေးဟောပြောပွဲ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ​တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ
Jan 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူလူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅ နှစ်မှ ၁၂ နှစ် အထိ) ကျောင်းသား/သူများအား (Booster Sinopharm)  တတိယအကြိမ် ထုံးနှံပေး
Jan 18,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm)   ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ(၁၂)နှစ်အထိ မူလတန်း ကျောင်းသား/သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအား ကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီ(လင်လျန်) ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူရေးရာအသိပညာပေး(Talk Show )ကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇန၌ ကျင်းပပြုလုပ်ခဲ့သည်။