စစ်ကိုင်း ဇန်နဝါရီ ၁၈
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူံဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းယူကြရမဲ့ မျိုးဆက်သစ်လူငယ်များ အတက်ပညာ၊ အသိပညာဗဟုသုတများ တိုးပွားလာ စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ လိမ္မာယဉ်ကျေးသော ပြောဆိုပြုမူဆက်ဆံမှုများနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်စွာနဲ့ အမြင်ချင်း ဖလှယ်တက်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုဆွေးနွေးရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်၍ Grade-11 မှ မဇင်မာထွန်းက “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ခန့်သာထက်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မရှင်းသဒ္ဒါနိုင်က “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ မအိမ့်မှူးသွယ်က “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်