သတင်းများ

ထားဝယ်မြို့ ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက်သို့ စာအုပ်စာစောင်များလှူဒါန်း
May 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိပညာ့ဗိမာန် စာကြည့်တိုက်သို့ ပြန်ကြားရေး ၀န်ကြီးဌာနက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ယင်းစာကြည့်တိုက်၌ ကျင်းပရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေဆောင်ရွက်
May 28,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ချင်းရွှေဟော်မြို့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့၊ မြို့လယ်လမ်းဆုံ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ဆီဆိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင် မြို့လယ်ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၅)ဦး အား အိမ်တိုင်ရာအရောက် လူမူရေးပင်စင် ထောက်ပံ့ငွေပေးအပ်
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို မေ ၂၆ ရက်နေ့က နောင်ကျော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၅)ဦးတို့အား အိမ်တိုင်ရာ အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံညာအထက်တန်း ၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အထက(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံပညာ မူလတန်းလွန်ကျောင်း မီးလောင်မှုဖြစ်ပွား
May 28,2021
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ချောင်းနှစ်ခွကျေးရွာမီးသတ်စခန်းမှ ၅ မိုင်ခန့်ကွာ ဝေးသော လှကဇိုင်းကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာအရှေ့စု မူလတန်းလွန် ကျောင်းတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်းသတင်းအရ ချောင်းနှစ်ခွနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကျွန်းရွာမီးသတ်နယ်မြေမှ ယာဉ်တစ်စီး၊တောင်ကလေးကျေးရွာမှ ပုဂ္ဂလိကရေသည်ယာဉ်တစ်စီး၊ပေါင်း(၅)စီး၊ အင်အားသန္ဓေ(၇)ဦး အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ၅နာရီခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
ကသာမြို့ ကသာ-ထီးချိုင့်ကားလမ်းအနီး (၁၂)ဘီးဘောက်ဆာဆီသယ်ယာဉ်တစ်စီး မီးလောင်
May 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ-ထီးချိုင့်ကားလမ်းအနီး ကသာမြို့၊ ပတ္တမြားချောင်းနေရာတွင် ယမန်နေ့၊ မွန်းလွဲ (၂)နာရီ (၃၅)မိနစ်အချိန်ခန့်က (၁၂)ဘီးဘောက်ဆာဆီသယ်ယာဉ်တစ်စီး မီးလောင်ခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေး
May 28,2021
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ (အဖွဲ့ဝင်-၄) ဦးစိုးပိုင်မြင့်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံထွေးနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။