သတင်းများ

ယင်းမာပင်၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အမှတ်(၂) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်(၉)နာရီအချိန်က ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။
အ.ထ.က ကြို့ကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ
Jan 19,2023
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက် တို့ဖြင့် ယမန်နေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအ.ထ.က ကြို့ကုန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ပညာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
စာအုပ်စာစောင်များ လေ့လာဖတ်ရှုရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သော အချိန်တွင် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ဇလုတ်ကြီး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်  အထက ပေါင်၌ ကျောင်းသား/ သူများအား ဂိမ်းအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 19,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းသား/ သူများအား ဂိမ်းအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ၌  ဟောပြောခဲ့ကြောင်း သိရသည်။
တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) တတိယအကြိမ်(Booster)ထိုးနှံပေး
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm)ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ တတိယအကြိမ်(Booster)ထိုးနှံပေးလျက်ရှိသည်။
သနပ်ပင်မြို့နယ်  ရေကျော်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလွန် ရေ‌ကျော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ထိုးနှံပေးခြင်း ဆောင်ရွက်
Jan 19,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ အသက် (၁၂)နှစ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၍ (၅)လပြည့်သည့် ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ကို ယနေ့နံနက် ၉ နာရီခန့်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်က တံတားမြို့၊ (၄)ရပ်ကွက်အတွင်းရှိ အ.မ.က(မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။