သတင်းများ

အုတ်ဖိုမြို့တွင် အရပ်ရပ်ဆိုင်ရာလိုင်စင်များ ပထမအကြိမ်လေလံတင်ရောင်းချ
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့အစည်းဝေးခန်းမတွင် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ  လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ဝါးခယ်မမြို့နယ် အ.ထ.က (ကလ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jan 18,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ကလ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
သရေခေတ္တရာပြည်ဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သရေခေတ္တရာပြည်မြို့နှင့် ဒေသအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အလင်္ကာဟိုတယ်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဒေသခံခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်
Jan 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့သီရိရတနာစျေးရှေ့ မီးပွိုင့်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာတွင်   စိုက်ပျိုးထားသောငှက်ပျောစိုက်ခင်းများအောင်မြင် လျက်ရှိ
Jan 18,2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် သီးနှံများ စိုက်ပျိုးရာတွင် သွင်းအားစုကြီးမြင့်ခြင်းနှင့် အလုပ်သမားရှားပါးခြင်းတို့ကြောင့် သိပ္ပံနည်းကျစိုက်နည်း စနစ် များဖြင့်ပြောင်းလဲစိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မည့်သီးပင်စားပင်များ တိုးချဲ့စိုက်ပျိုးလာကြရာ   ရဲဘော်ကြီး ကျေးရွာတွင်စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများအောင်မြင်လျက်ရှိကြေင်းသိရှိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများကျင်းပ
Jan 18,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး( Booster dose)ထိုးနှံ
Jan 18,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု တွင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။