သတင်းများ

ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် ပဲတီစိမ်းများ ဈေးကောင်းရရှိ
Jan 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေ အသုံးပြုစိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်း တစ်တင်း ၄၇၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားရုံတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပညာရေးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် သမဝါယမအသင်းစုလီမိတက်မှ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်အသင်းစု သမဝါယမအသင်းစုလီမိတက် ဇော်ဂျီဧရာ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 18,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  အဆိုပါတက္ကသိုလ် အားကစား ခန်းမတွင် ကျင်းပကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းငေါ့မြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းနှင့် ICRC တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယန်းခရိုင်/  မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။