အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ National Landmark Sculpturing and painting Youth Camp for LMC Fine Arts Students စီမံကိန်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ National Landmark Sculpturing and painting Youth Camp for LMC Fine Arts Students စီမံကိန်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပင်မအုပ်ချုပ်ရေးရုံး၌ ကျင်းပခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတွင် National Landmark Sculpturing and painting Youth Camp for LMC Fine Arts Students စီမံကိန်းကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ်ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ကျင်းပနိုင်ရေးလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါလုပ်ငန်းအောင်မြင်စွာကျင်းပနိုင်စေရန် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး အဆိုပါအခမ်းအနားအား မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ (၂၉-၁-၂၀၂၃)ရက်နေ့မှ (၃၀-၁-၂၀၂၃) ရက်နေ့အထိ (၂)ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ဒု-ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း