သတင်းများ

ဝေါမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
သံတွဲမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 18,2023
သံတွဲမြို့ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဝက်ထိုး အထက (ခွဲ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝက်ထိုးက ကြီးမှူး၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (ဝက်ထိုး) ၌ ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီစောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန်ရရှိစေရေး သတင်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 18,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  
လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက မြတ်ပညာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းစီစဉ်ကျင်းပသော “တို့ပတ်ဝန်းကျင်မထိခိုက်ရေးဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ရှားပေး”စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဆောင်းနေကြာသီးသန့်စံပြကွက်(၃)ဧကစိုက်ပျိုးထားခြင်းအား ကြည့်ရှုအားပေး
Jan 18,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းနေကြာသီးသန့်စံပြကွက်(၃)ဧကစိုက်ပျိုးထားခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
အမ်းမြိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင် နှင့် ဓာတ်ပုံပြပွဲကျင်းပ
Jan 18,2023
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ယမန်နေ့ နေ့လယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူလူငယ်များ လေ့လာနိုင်ရန်ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။