ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စာအုပ်စာစောင်များငှားရမ်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်

ဒဂုံမြောက်   ဇန်နဝါရီ   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ငှားရမ်းပေးရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအားပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များ(၃၀)အုပ်ကို အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ