သတင်းများ

ရှမ်းရွာသစ်မြို့ပရေကြေတိုရေတံခွန်တွင် နွေရာသီအပူရှိန်မြင့်မားမှုကြောင့် ခရီးသွားပြည်သူ(၁၀၀၀)ခန့်နေ့စဉ်လာရောက် ရေကစားအပန်းဖြေ
Apr 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ နွေရာသီကာလတွင် ရာသီဉတုအပူရှိန်မြင့်မားမှုကြောင့် အပူရှောင်သည့် ခရီးသွားပြည်သူ(၁၀၀၀)ကျော်ခန့် နေ့စဉ်လာရောက်အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရုံးရပ်မြောက်ပိုင်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် စုပေါင်းအထူး သန့်ရှင်းရေးဆောင်ရွက်
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် ၆ နာရီ ၃၀ အချိန်က စုပေါင်းအထူး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 23,2023
ကဆုန်လပြည့်ဗုဒ္ဓနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီမြတ်ကြီး ကျောက်ပန်းတောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်လူငယ်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 23,2023
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် လူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ Book Club ပြန်လည်ဖွဲ့စည်း
Apr 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club  ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ‌ဧပြီလ (၂၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “သတင်းရေးသားနည်းသင်တန်း” ဖွင့်လှစ်
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား သတင်းရေးသား ရာတွင် မြန်ဆန်လွယ်ကူ‌‌စေပြီး စာအထားသိုများ မှန်ကန်မှု ရှိစေရန် ရည်ရွယ်ကာ “သတင်းရေးသားနည်း သင်တန်း” ကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။