ဒဂုံမြောက် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက Book Clubဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန်နှီးနှောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီးပြန်လည်မျှဝေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် Book Club အသင်း ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူ စာပေပညာရှင်များမှ ရှင်းလင်းချက်များအပေါ် ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ Book Club အသင်းဖွဲ့စည်းရာတွင် နယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြုံပြု ဆွေးနွေးခဲ့ကြကာ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ