သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် “သတင်းရေးသားနည်းသင်တန်း” ဖွင့်လှစ်

သနပ်ပင် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား  သတင်းရေးသား ရာတွင်  မြန်ဆန်လွယ်ကူ‌‌စေပြီး စာအထားသိုများ မှန်ကန်မှု ရှိစေရန် ရည်ရွယ်ကာ သတင်းရေးသားနည်း သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ညိုပြာက ဝန်ထမ်းများ သတင်းရေးသားရာတွင် ကျွမ်းကျင်မှုရှိစေရန်၊ သတင်းသမား ကောင်းတစ်ဦး၏ အရည်အချင်းများ၊ သတင်းတစ်ပုဒ်ရေးသားရာတွင် ပါဝင်ရမည့်အချက်များ၊ အကြီးအကဲများ၏ ရာထူး၊ အမည် မှားယွင်းမှုမရှိစေရန် သတိထားရန်၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရန်၊ တိုတိုနှင့်လိုရင်းကို ထိထိမိမိရေးသားရန်၊ စာလုံးပေါင်းသတ်ပုံများ မှန်ကန်‌‌စေရန် စသည်တို့ကို စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချ ခဲ့ကြောင်း သိရသည်။

သင်တန်းသို့ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦး တက်ရောက်ပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)