သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေး
Apr 30,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များအားပန်းခင်း စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဇမိခန်းမအတွင်း၌ ပြုလုပ်ကျင်းပသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဘက်စုံအားကစကားပြိုင်ပွဲ များပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 30,2021
ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ် များတွင် ဘက်စုံအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပပြုလုပ်ငန်းနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တွံတေး၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ရေကန်ခြံစည်းရိုးပြီးစီးမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Apr 30,2021
ရန်ကုန်တိုင်ဒေသကြီး၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူမှ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးရေးစီမံကိန်း နှင့် ရေကန်ခြံစည်းရိုးကာရံ ဆောင်ရွက်ပြီးစီးမှုကိုယမန်နေ့နေလည်၂နာရီကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကယားပြည်နယ် ဘီလူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
Apr 30,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင် များဖြစ်သည့်ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများ အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၈:၀၀ နာရီတွင် လွိုင်ကော်မြို့နယ် ၊ သတ္တပလူကျေးရွာရှိ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) နှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၄၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်း ဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းစည်းဝေး
Apr 30,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ အောင်လံမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ
Apr 29,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီခွဲက အောင်လံမြို့နယ်
ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီ လှဦးနှင့်အဖွဲ့ဝင်များ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Apr 29,2021
ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှဦးနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည် လုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။