ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကဝ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ‌ဧပြီလ (၂၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် (၃) ပေအကွာ နေရာများထားပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်လစာထုတ်ရာတွင် ဧပြီလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပိတ်ရက်များမှ လွဲ၍ နေ့စဉ်နံနက် (၇:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ (၂၁) ရက်နေ့တွင် ကဝမြို့နယ်အတွင်းရှိ ပင်စင်စား (၃၆၀) ဦးအတွက် ပင်စင်လစာ (၄၂၃၃၄၆၇၄.၇၄) ကျပ်အား ထုတ်ပေးပြီး၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)