ပျော်ဘွယ် ဧပြီ ၂၃
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် လူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် လူငယ်များက စာရေးဆရာမ ခင်မာလာကြာဖြူ ရေးသား သည့် “ယုန်ကလေးနှာစေးနေသည်” စာအုပ်ပါအကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေး ကြသည်။
စာပေဝါသနာရှင်လူငယ်လေးများက ယခုစာအုပ်တွင် စာရေးဆရာသည် အချို့နေရာဒေသနှင့် အချို့အချိန်တို့တွင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်စေရေး၊ ဖြစ်ပျက်နေသည့် အချိန်အခါကို သိမှသာလျှင် မိမိတို့၏ အရည်အချင်းအား ပြသနိုင်မည်ဖြစ်ခြင်း စသည့်ဗဟုသုတ ပညာများစွာပေးစွမ်းထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)