အထက်မင်းလှ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရုံးရပ်မြောက်ပိုင်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရတနာသံဖြူကျောင်းဆရာတော် ထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့သည်။ ထို့နောက် အောင်ဗောဓိကျောင်းဆရာတော်မှ ရေစက်ချတရားဟောကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးဇူးတင်စကား လျှောက်ထားခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များအား တာဝန်ရှိသူများက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပဌာန်းသိမ်းအောင်ပွဲ တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုခဲ့သည်။
ဆက်လက်၍ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်သံဃာတော်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။ မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ် ပူဇော်ပွဲကို ဧပြီလ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ရာ ယခုနှစ်ထိ(၄၆) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ပဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက ပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခဲ့သည့် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်များ နေ့စဉ်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)