သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့အချိန် မြန်မာတို့၏ဓလေ့ရိုးရာအရ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းတည့်ချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများတွင် တံခွန်တင်လှူကုသိုလ်ပြုလုပ်
Apr 18,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြန်မာနှစ်ဆန်းသမယတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆရာပူဇော်ကန်တော့ပွဲနှင့် ဘုရားစေတီများတွင် တံခွန်များပူဇော် လှူဒါန်းကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား)ကို လာရောက်ဖူးမြှော်သူများပြား
Apr 18,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား) လာရောက်ဖူးမျှော်သူများပြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲနှင့် မြန်မာနှစ်သစ်ကူး သက်ကြီးပူဇော်ပွဲ အခမ်းအနားတက်ရောက်
Apr 18,2023
နှစ်ဆန်း (၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါး လွှတ်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမ ရှေ့၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် (၇)နာရီက ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Apr 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ (၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့) ယမန်နေ့နံနက်ပိုင်းက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပြီး ဈေးရပ်ကွက်ဈေးကျောင်းတိုက်အတွင်း၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ ဇီဝိတဒါန ငါးနှင့်ငှက်လွှတ်ပွဲကျင်းပ
Apr 18,2023
ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့က၊ ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် ဇီဝိတဒါန ငါးနှင့်ငှက်လွှတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်၊ သက်ကြီးဘိုးဘွားများ သန်လျင်၌ ပူဇော်ကန်တော့
Apr 18,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် ယမန်နေ့ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်တွင် သန်လျင်မြို့နယ်ဇာမဏ္ဍီဆည်အတွင်းသို့ ဇီဝိတဒါန ငါးကောင်ရေတစ်သောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပခဲ့ပြီး နံနက် ၁၀ နာရီတွင် သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်ရုံး၌ကျင်းပသော သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲသို့တက်ရောက်ပြီး ကန်တော့အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။