သတင်းများ

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Apr 19,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ဖို့အချိန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကလေးများ ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများ ကျင်းပ
Apr 19,2023
ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကလေးသူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Apr 19,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre တွင် ယနေ့နံနက် ၉ နာရီခွဲက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ငှားရမ်းဖတ်ရှုသူ နေ့စဉ်များပြား
Apr 19,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်တွင် ကဗျာရွတ်ပြိုင်ပွဲလာရောက်သူများက သုတ/ရသစာအုပ်များ ဌားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 19,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ရွာလုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျေးရွာဂေါပကအဖွဲ့ကကြီးမှူး၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်းရှေ့၌ ကျင်းပခဲ့သည်။