သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ရေပေးဝေရေးအဖွဲ့မှ သောက်သုံးရေများ အခမဲ့လှူဒါန်း
Apr 23,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများသောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင် ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ရပ်ကွက်များရှိရေလှောင်ကန်များ၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ရုံးဌာနများသို့ သောက်သုံးရေများ အခမဲ့သွားရောက် ဖြန့်ဝေပေးခြင်းကို နေ့စဥ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။