ထားဝယ် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၁၄)ဦးအား ယနေ့နံနက်ပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/သူများအား တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းနှင့် တာဝန်ရှိသူများက ဆုံးမစကားများပြောကြားခဲ့ကြပြီး လွတ်မြောက်သော အကျဉ်းသား/သူများအား သတ်မှတ်ခရီးစရိတ်များအားထုတ်ပေးသည်။
ထို့နောက်အကျဉ်းထောင်များမှ လွတ်ငြိမ်းသက်သာခွင့် ရရှိသူများအားလုံးကို လွတ်ပေးခဲ့ရာ အကျဉ်းထောင် အပြင်ဘက်တွင်မိဘ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်းများက ဝမ်းပန်းတသာဖြင့်လာရောက် ကြိုဆိုလျက်ရှိပြီး ခရီးဝေးသွားမည့် အကျဉ်းသား/သူများအား မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)