လှည်းကူး ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၌ ၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် ယမန်နေ့ ညနေ ၅ နာရီတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က သက်ကြီး ဘိုးဘွား ပူဇော်ကန် တော့ပွဲအခမ်းအနားနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး အဘိုးအဘွားများအား လက်အုပ်ချီမိုးကန်တော့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနန်းထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များက ကန်တော့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကန်တော့ခံအဘိုးအဘွားများကိုယ်စား တိုင်းရင်းဆေးဆရာကြီး ဦးထင်ကျော်က ကျေးဇူးတင်စကားများပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာ၊ များမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၈၇၂)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွား(၉၆)ဦးအား တစ်ဦးလျှင်ဆန်(10)kg တစ်အိတ်၊ ပဲဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံးတို့ကို လှူဒါန်းပေးခဲ့ပြီး ကျန်ရှိနေသော အဘိုးအဘွားများကိုလည်း အိမ်တိုင်ရာရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)