ရွှေတောင်မြို့နယ်တွင် အဘိုးအဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

ရွှေတောင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ( ၁၉) ဦး နှင့် ဘိုးဘွားရိပ်သာတာဝန်ခံနှင့် ဝန်ထမ်း ( ၇) ဦးတို့အားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းများသွားနှင့် ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ ကုသပေးခြင်း၊ အပူဒဏ်ကာကွယ်ရေး၊ သွေးတိုး၊ ဆီးချိုကာကွယ်ခြင်းများအကြောင်း ကျန်းမာရေးအသိပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)