မိုးညိုမြို့နယ်၌ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မိုးညို ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာ့ရိုးရာ အစဉ်အလာမပျက်(နှစ်ဆန်း၁ရက်နေ့)တွင် အလှူဒါနကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိရာ မိုးညိုမြို့၊ ရွှေဉဒေါင်းရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ တနင်္သာသာသနာ့ဗိမ္မာန်၌ နံနက် ၈ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်နေအလှူရှင်များစုပေါင်း၍ သက်ကြီးအဘိုး(၂၂)ဦး၊ အဖွား(၂၈)ဦးတို့အား တစ်ဦးလျှင်(၅၀၀၀၀)ကျပ်နှုန်း လှူဒါန်းဂါရဝပြုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ကျေးရွာနေပြည်သူများမှ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ မြစ်မခမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေ(၅၀၀၀)အား ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)