မူဆယ် ဧပြီ ၁၈
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မူဆယ်မြို့အ.ထ.က(၂)ကျောင်းခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်သည့် ကျောင်းသား/သူများအား မူဆယ်ခရိုင်ပညာရေးမှူး ဦးမောင်ကို ကပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြေားကြားသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဟန်ဝင်းဇော်၊ မြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းထွန်းဇော်၊ ရမခ (စစ်ဦးစီး) ဗိုလ်မှူးကြီးဇော်မင်းထက်၊ မူးယစ်တပ်ဖွဲ့ အမှတ်(၂၂)မှ တပ်ဖွဲ့စုမှူးရဲမှူးထွန်းထွန်းဦး တို့က ပြိင်ပွဲဝင်ကျောင်းသား/သူများအတွက် ပြိုင်ပွဲဝင် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ပြိုင်ပွဲကို “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစား တိုက်ဖျက် နိုင်ငံ့အတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ”၊ “ငါတို့အနာဂတ် သာယာလှပဖို့၊ မူးယစ်ကင်စင် ကမ္ဘာဖန်တီးစို့”၊ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”၊ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့” (Photo Essay ယှဉ်ပြိုင်ရန်အတွက်သာ)၊ “လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့” Addressing drug challinges in health and humanitarian crises) ခေါင်းစဉ်များဖြင့် ပြိုင်ပွဲကျင်းပသည်။ ပြိုင်ပွဲသို့ မူဆယ်ခရိုင် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်များက ကျောင်းသား/သူ စုစုပေါင်း (၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင်အခမ်းအနားဖြင့် ထိုက်ထိုက် တန်တန် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)