သာပေါင်းမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး(၁၃၆၈)တို့ လှည့်လည်အပူဇော်ခံ ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ

သာပေါင်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း (၃၄)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး(၁၃၆၈)တို့ မြို့တွင်း လှည့်လည်အပူဇော်ခံ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက် ဧပြီလ ၁၇ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့က ကြည်ညိုသဒ္ဒါ ထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ လောင်းလှူပူဇော်လျက်ရှိကြသည်။

ထိုသို့ နှစ်စဉ်နှစ်တိုင်း ‌မြန်မာနှစ်ဆန်း(၁)ရက်နေ့ ရောက်တိုင်း လောင်းလှူပူဇော်နေကြ ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းရှိ ဝိသုဒ္ဓါရာမ မြို့မ မင်းကျောင်းတွင် စုရပ်ပြုပြီး နေ့လယ် ၂ နာရီခန့်မှ စတင်၍ ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း (၃၄)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး(၁၃၆၈)တို့က မြို့တွင်း လမ်းတိုင်သို့ကြွ‌ရောက် အပူ‌ဇော်ခံကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများ၊ ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအလှူရှင် အပေါင်းတို့က ဘာသာ သာသနာ အဓွန့်ရှည် တည်တန့်ခိုင်မာစေရေး စိတ်ရည်သန် ရည်စူး၍ သဒ္ဒါထက်သန်စွာ ဆွမ်းဆန်တော် များနှင့် လှူဖွယ် အစုစုတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်