မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် ရပ်ကွက်နေပြည်သူများထံသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ ဧပြီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသနေပြည်သူများ ၊ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များသို့  Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများအတွက် သုတ/ရသစာအုပ်များ ဖြင့်အပတ်စဉ် Mobile ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)