ကျိုက်လတ် ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေ (၄) နာရီ၌ ဆရာတော်သံဃာတော် များကအန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဥ်ဖြင့်ကျင်းပခဲ့သည်။
ရှေးဦးစွာ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဥာဏတိက္ခထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။ ထိုနည်းတူ ဌာနဆိုင်ရာရုံးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) နှင့် မြို့နယ်အတွင်း ရပ်ကွက်များ၊ လမ်းများ၊ ကျေးရွာများ၌လည်း ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော် ပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)