ကန့်ဘလူ ဧပြီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နှစ်သစ်ကူးကာလဖြစ်သည့် မြန်မာနှစ်ဆန်း တစ်ရက် နေ့(ဧပြီ ၁၇ ရက်)တွင် မြို့ပေါ်ရပ်ကွက် နေရာအသီးသီး၌ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနေ့က ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းအနီးတွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပရာ ဆရာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် အနန္တရာယိကကမ္မဝါစာများ နာယူကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာအသီးသီးနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း ဆရာတော်သံဃာတော်အရှင်သူမြတ်များက လှည့်လည်ကာအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)