စစ်ကိုင်းမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲကျင်းပ

စစ်ကိုင်း ဧပြီ ၁၈

စစ်ကိုင်းမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ (၁၆) ရက်၊ ညနေ(၅)နာရီက စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း ဗဟိုမဏ္ဍပ်တွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က နှစ်ဟောင်း တစ်နှစ်ကုန်ဆုံးလို့ နှစ်သစ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ် မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ရိုးရာနှစ်သစ်ကူးကာလကို မနက်ဖန်ဆိုကူးပြောင်းရောက်ရှိတော့မှာဖြစ်ကြောင်း၊ နှစ်သစ်အခါတော် ကြီးမှာ ပြည်သူများမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်ကာအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ကြပါစေ၊ ပြည်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း နှင့် စစ်ကိုင်းမြို့ကြီး ယခင်နှစ်ကထက် နှစ်သစ်မှာလုံခြုံအေးချမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက် သာယာဝပြော ကြပါစေကြောင်း၊ မြန်မာ့နှစ်သစ်ကို ကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုကြပါစို့၊ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရင်း မိမိရဲ့အကျိုး၊ မိမိရပ်ရွာအကျိုး၊ မိမိနိုင်ငံအကျိုးနဲ့ ဘာသာသာသနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို ဆုမွန်းကောင်းတောင်းလိုကြောင်းဖြင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေပေးခဲ့ကြသည့် ယိမ်းအဖွဲ့များ၊ တေးသံရှင်ဂီတအနုပညာရှင်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် နယ်မြေခံတပ်မဌာနချုပ်မှ တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များပေးအပ်ကာ ယိမ်အဖွဲ့အားလုံးက" မြူမောင်ဝေကင်း၊ ရွှေမိုးရွာ" သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ၍ ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်အား နှုတ်ဆက်ပိတ်သိမ်းခဲ့ ကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)