တွံတေး ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း တစ်ရက်နေ့ မြန်မာနှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိအသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ နံနက် ၉ နာရီကကျွန်းတောရပ်ကွက်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသုတအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ကြီးဘိုးဘွားပူဇော်ပွဲအား ကျွန်းတောရပ်ကွက်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ရာ ဘိုးဘွားများအား မုန့်၊ ဆေး၊ ဝတ္ထုငွေများဖြင့် ကန်တော့ခဲ့ပြီး လှူဒါန်းမှုအနေဖြင့် ဘိုးဘွားတစ်ဦးလျှင် မုန့်၊ ဆေး(၂၀၀၀၀)ကျပ်၊ လှူဒါန်းငွေ(၃၀၀၀၀)ကျပ်၊ စုစုပေါင်း(၅၀၀၀၀) ကျပ် ဘိုးဘွား(၂၀)ဦးအတွက် စုစုပေါင်းလှူဒါန်းငွေ (၁၀)သိန်းကျပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)