ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကျင်းပ

ပဲခူး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ယမန်နေ့ည(၇)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ ဓမ္မသဘင်မဏ္ဍပ်တွင်ကျင်းပခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်နာယူကြည်ညိုကြသည်။

ပထမည ဓမ္မသဘင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပဲခူးမြို့ဥဿာသိရိစာသင်တိုက်ပဓာနနာယက၊ ဒေါက်တာဘဒ္ဒန္တသူရိယ(အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်မှ အားကိုးစရာကြိုးစားရှာတရားခေါင်းစဉ်ဖြင့် တရားနာလာကြကုန်သော တရားနာပရိတ်သတ်အပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ဟောကြားတော်မူခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေသူတော်စင်များ လာရောက်တရားတော်နာယူကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ပဲခူးမြို့ဥဿာသီရိစာသင် တိုက်ပဓာနနာယက၊ ဒေါက်တာဘဒ္ဒန္တသူရိယ အဂ္ဂမဟာပဏ္ဍိတဆရာတော်ထံ လှူဘွယ်ပစ္စည်းများနှင့် ဓမ္မပူဇာ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)