ပေါက်ခေါင်းမြို့၌ မြန်မာနှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဘိုးဘွားရိပ်သာမှဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့

ပေါက်ခေါင်း    ဧပြီ    ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်ဦးပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဘိုးဘွားရိပ်သာမှဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနှစ်ဦးပရိတ်ရွတ်ဖတ်ပူ‌ဇော်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပင့်သံဃာတော်(၅)ပါးမှ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ခဲ့ကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်ဝန်ထမ်းများအဖွဲ့က  ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၁၁)ဦးတို့အား ဆန်၊ ဆီ၊ အလှူငွေများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)