တနင်္သာရီမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ဒေသနာနှင့်ကမ္မဝါစာ ရွတ်ဖတ်ပွဲများ ရိုးရာမပျက်ပြုလုပ်

တနင်္သာရီ ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း နှစ်စဉ်မြန်မာနှစ်ဆန်းတစ်ရက်နေ့ကိုရောက်တိုင်း နှစ်သစ်အကြို ဓလေ့တစ်ခုဖြစ်သည့် တနင်္သာရီရိုးရာ အန္တရာယ်ကင်းပရိတ် ဒေသနာရွတ်ဖတ်ပူဇော်ခြင်းနှင့် ကမ္မာဝါစာရွတ်ဖတ်ပွဲများကို ရပ်ကွက်အလိုက်/ လမ်းအလိုက်ပြုလုပ်လေ့ရှိရာ ယမန်နေ့ ၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းက သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်၍ အစဉ်အလာမပျက်ပြုလုပ်လျက်ရှိကြသည်။

ချောင်းကြီးရပ်ကွက်-ရွှေလိပ်ပြာ ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ သုခလမ်း၊ မင်္ဂလာကြီးလမ်း၊ မြို့အဝင်လမ်းဆုံနှင့် ချောင်းငယ်ရပ်ကွက်-နိဗ္ဗာန် လမ်းတို့တွင်လည်းကောင်း ရပ်ကွက်သူ/သားများ ညီညွတ်မှု ပူးပေါင်းမှုဖြင့် ရပ်ကွက်အတွင်း /လမ်းအတွင်း ဘေးအန္တရာယ်ဟူသမျှ ကင်းဝေးစေရန်စိတ်ရည်လျက် ဆရာတော်/သံဃာတော်မျာကို ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်ဒေသနာတောနှင့် ကမ္မာဝါစာရွတ်ဖတ်ပူဇော်ပေးကြပြီး ဆရာတော်/ သံဃာတော်များအား ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချအမျှ ဝေသာဓုခေါ်ဆိုကြကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)