ခိုလမ်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၇၅)နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

ခိုလမ် ဧပြီ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်(၇)အချိန်က  သီရီမင်္ဂလာကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လျစ်ခဲ့ပြီး ကန်တော့ခံ သက်ကြီးဘိုဘွားများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုး ကန်တော့ကြသည်။ ထို့‌နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်ချူပ်မျိူးမင်းထွန်းနှင့် ဒေါ်ချိူနွယ်ဦး မိသားစုအား အမှူးထား၍ အရာရှိစစ်သည်မိသားစုများမှ လှူဒါန်းငွေ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်း၊ ခိုလမ်မြို့၊ မြို့အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်မှ ဦးစီး၍ နယ်ဘက်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ခံရပ်မိ၊ ရပ်ဖများမှ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကျပ်နှုန်းနှင့် ကန်တော့ပစ္စည်း တန်ဖိုး ငွေကျပ် ၂၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်းတန်ဖိုး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ‌ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကန်တော့ခံ ဘိုးဘွားများ ကိုယ်စားအဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သက်ကြီးပူဇော်ပွဲ အခမ်းအနားအား ဗုဒ္ဓသာဿနံ စိရံတိဌထု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်လာ‌ကြသော ကန်တော့ခံ ဘိုးဘွားများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းမှ ဦးဆောင်၍ ဆရာတော် သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကန်တော့ခံဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ‌ ကျွေးမွေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)