လောင်းလုံးမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

လောင်းလုံး ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ယဥ်ကျေးမှုအစဥ်အလာနှင့်အညီ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့်ပူဇော်ကာ ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးဘွားများက ဆုတောင်းမေတ္တာ စကားပြောကြားသည်။ ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ပွဲတွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများဖြစ်ပြီး တစ်ဦးလျှင် ကျပ်လေးသောင်းနှုန်း၊ ဘိုးဘွား(၂၃)ဦးအတွက် စုစုပေါင်း အလှူငွေ (၉၂၀၀၀၀)ကျပ် ကိုးသိန်းနှစ်သောင်းနှင့် လက်ဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)