နွားထိုးကြီးမြို့ အမှတ်(၄)ရပ်ကွက်တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

နွားထိုးကြီး  ဧပြီ ၁၈

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ အမှတ်( ၄)ရပ်ကွက်  ဓမ္မရောင်ခြည်ဓမ္မာရုံတွင် ၁၃၈၅ ခုနှစ်၊ နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သက်ကြီး ဘိုးဘွားများကို ပူဇော်ကန်တော့ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ဝတ်အသင်းအဖွဲ့များ အလှူရှင်များက  သက်ကြီးဘိုးဘွားများကို ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ ပစ္စည်းများပေး အပ်လှူဒါန်းခဲ့ကြသည်။ သက်ကြီးပူဇော်ပွဲတွင် အသက်၇၅ နှစ်အထက် သက်ကြီး ဘိုးဘွား ၈၂ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲဖြင့် စုစုပေါင်း အလှူငွေ (၁,၂၃၀,၀၀၀) လှူဒါန်း ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်