ကလိန်အောင်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ကလိန်အောင် ဧပြီ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နှစ်သစ်မင်္ဂလာအချိန်အခါသမယတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နာကြားခြင်းကို သဒ္ဓမ္မရံသီအောင်တော်မူ ဝတ်ပြုကျောင်းက ဆရာတော် ဥုသုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူ၍ ပင့်သံဃာတစ်ပါးလျှင် နဝကမ္မအလှူငွေ (၃၀ဝ၀၀)ကျပ်စီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့်  ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)