ကျွန်းစု ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဥယျာဥ်ပိုင်းနှင့် လယ်တောပိုင်း၊ ပင်လယ်ပိုင်းဟူ၍ အပိုင်း(၃)ပိုင်းရှိပြီး ဥယျာဥ်ပိုင်းကျေးရွာများမှထွက်ရှိသော ရာသီပေါ်သီးနှံဖြစ် သည့် ဒူးရင်းသီးများထွက်ရှိပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်သည် နွေဦးကာလအတွင်း ဒူးရင်းသီးများ စတင်ထွက်ရှိ၍ မတ်လတွင် ဒူးရင်းသီးအနည်းငယ်သာထွက်ရှိပြီး ဧပြီလနောက်ပိုင်းနှင့် ဇူလိုင်လတို့တွင် ဒူးရင်းသီးပေါများစွာ ထွက်ရှိကြောင်း၊ ဒူးရင်းသီးစတင်ထွက်ရှိ၍ စားသုံးသူများက ဝယ်ယူကြပြီး ယခုနှစ်တွင် ဒူးရင်းသီးဈေးနှုန်းမှာ အလုံးအရွယ် အစား အကြီးအသေးအလိုက် ဈေးနှုန်းများရရှိသည်။
ဒူးရင်းသီး (၁)လုံးလျှင် ငွေကျပ် ၅၀၀၀ မှ (၁၅၀၀၀)အထိ ဈေးကောင်း ရရှိပြီး ဒူးရင်းသီး ပေါပေါလှိုင်လှိုင် ထွက်ရှိသည့်အချိန်တွင် ကျွန်းစုမြို့မှတစ်ဆင့် မြိတ်မြို့သို့ စက်လှေဖြင့် သွားရောက် ရောင်းချလျက်ရှိသည်။ ကျွန်းစုမြို့နယ်မှာ ဒူးရင်းသီးကို ဉယျာဥ် ပိုင်းဖြစ်သည့် ကမ်းကြီးအုပ်စု၊ ကတ္တလူအုပ်စုနှင့် ကပအုပ်စုတို့မှ အများဆုံးထွက်ရှိလျက်ရှိကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)