သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ပြည်မြို့ "နွေရာသီလူငယ်ကင်းထောက်သင်တန်း" ဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေးချီးမြှင့်
Apr 23,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ အထက(၁)၊ သိရီရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "နွေရာသီလူငယ်ကင်းထောက်သင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အဆင့်မြင့် (Advanced Excel) ကွန်ပျူတာသင်တန်း (၁/၂ဝ၂၃) ဖွင့်လှစ်
Apr 23,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)   သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ
Apr 23,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့တွင် ဘိလပ်မြေအိတ်များ ပြတ်လှပ်
Apr 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေအိတ်များပြတ်လှပ်နေပြီး ဘာသာရေးကျောင်းများ၊ ပုဂ္ဂလိကအဆောက်အဦးများ၊ ပြည်သူလူထုတို့အနေဖြင့် လူနေအိမ်နှင့်အခြားအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ကျောက်ဆည်မြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဧပြီ(၂၂)ရက် နံနက်(၉)နာရီက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် နွေရာသီယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲကျင်းပ
Apr 23,2023
ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာတွင် နွေရာသီသင်တန်းအဖြစ်ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာဘုရားငါးဆူကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Apr 23,2023
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community   Centre)၌ ယမန်နေ့ညနေ ၃ နာရီက စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။