သတင်းများ

သာယာဝတီမြို့နယ်တွင် သံပရိုသီး(၃)တင်းဝင်တစ်အိတ်အား ခြောက်သောင်းကျော်အထိ ရောင်းချရဖြင့် သံပရိုစိုက်ခင်း ပိုင်ရှင်များ အဆင်ပြေ
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သံပရိုသီး ၃ တင်းဝင် တစ်အိတ်အား ငွေကျပ်ခြောက်သောင်းကျော်အထိ ရောင်းချရသဖြင့် သံပရိုစိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန် ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ပျိုးပင်ပေါင်း  ၈၁,၆၆၆ ပင် ပျိုးထောင်ထားရှိ
Apr 23,2023
မိတ္ထီလာမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန် ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ပျိုးပင်ပေါင်း ၈၁၆၆၆ ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်
Apr 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Apr 23,2023
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းနှင့် (Youth Club) အသင်းတို့ ပူးပေါင်း၍      စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီလ (၂၁) ရက်နေ့ မွန်းလွှဲ (၃)နာရီက ပြုလုပ်ခဲ့ကြေင်းသိရသည်။
ရှမ်းရွာသစ်မြို့ပရေကြေတိုရေတံခွန်တွင် နွေရာသီအပူရှိန်မြင့်မားမှုကြောင့် ခရီးသွားပြည်သူ(၁၀၀၀)ခန့်နေ့စဉ်လာရောက် ရေကစားအပန်းဖြေ
Apr 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ နွေရာသီကာလတွင် ရာသီဉတုအပူရှိန်မြင့်မားမှုကြောင့် အပူရှောင်သည့် ခရီးသွားပြည်သူ(၁၀၀၀)ကျော်ခန့် နေ့စဉ်လာရောက်အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲကို ယမန်နေ့ ညနေ ၅ နာရီက ရုံးရပ်မြောက်ပိုင်း ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် စုပေါင်းအထူး သန့်ရှင်းရေးဆောင်ရွက်
Apr 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် ၆ နာရီ ၃၀ အချိန်က စုပေါင်းအထူး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးမြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 23,2023
ကဆုန်လပြည့်ဗုဒ္ဓနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီမြတ်ကြီး ကျောက်ပန်းတောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။