အများပြည်သူ အေးချမ်းစွာ သွားလာနိုင်စေရေး မြို့တွင်းလမ်းဘေးဝဲယာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရေဦး  ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း ဦးဆောင်မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ​ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက ရေဦးမြို့၊ မိုးကောင်းကျောင်းတိုက်နှင့် မဟာဓမ္မာရုံကျောင်းတိုက်အနီး လမ်းဘေးဝဲယာတလျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် အများပြည်သူ စိတ်အေးချမ်းစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် လမ်းဘေးဝဲယာရှိ လမ်းနှင့် မလွတ်ကင်းသည့်အပင်များ ဖြတ်တောက်ပေးခြင်း၊ ပလပ်စတစ်နှင့် သစ်ရွက်အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများသိမ်းဆည်းကာ  စနစ်တကျစွန့်ပစ်ပေးခဲ့ကြကြောင်းသိရသည်။

ရေဦးမြို့ရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များသည် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ရုံးပိတ်ရက်များတွင် စုပေါင်းသန့်ရှင်းရေးများ မြို့ပေါ်ရှိ ဘုရား၊ ကျောင်းအများနှင့် သက်ဆိုင်သောနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သန်းထိုက်(​ရေဦး)