သတင်းများ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၁) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကျင်းပ
Jul 07,2023
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၁) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားကို ဇူလိုင် ၄ ရက်မွန်းလွဲ ၁ နာရီတွင်
ဓမ္မာစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုရအသင်းအား သန်လျင်၌ ဂုဏ်ပြုချီးမြှင့်
Jul 07,2023
ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သော တိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ခရိုင်ကိုယ်စားပြု သန်လျင်နှင့် ကျောက်တန်းမြို့နယ် အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများတွင် ရှည်မျှင်ရှည်ဝါနှင့် ဝါကြီးများ စတင်စိုက်ပျိုး
Jul 07,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာမြေများတွင် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက စတင်၍ချည်မျှင်ရှည်ဝါနှင့် ဝါကြီးများကို စိုက်ပျိုးလျက်ရှိကြောင်း ဝါစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
အ.ထ.က(ဝန်းသို)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)၊ မြတ်ဆရာခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ (အ.ထ.က) ကျောင်းတွင် မိဘဆရာအသင်း အစည်းအဝေးကျင်းပ
Jul 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မက်မန်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေး
Jul 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ သီးနှံမျိုးစုံ (၁၇၂) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက် အအုံတစ်ခု ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လမ်းပခုံးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်
Jul 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပုန်းညက်လမ်းအား လမ်းဘေး (ဝဲ၊ ယာ) ကွန်ကရစ်လမ်းပခုံးချဲ့ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅)မှ ဒုရဲမှူး အေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။