မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး နှင့်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပ
Jul 07,2023
မုံရွာစီးပွားရေးတက္ကသိုလ်နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စားသုံးသူကာကွယ်ရေးနှင့်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၈)ခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမေက္ခချုပ်ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်တို့မှတာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများစုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ကြသည်။