သတင်းများ

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 07,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ(၇)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၀၀၀၀) ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်
Jul 07,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၁၀၀၀၀) စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း၌ သမဝါယမအသင်း(၂၆)သင်း၊ တောင်သူ(၈၇၀)ဦးအား မျိုးစပါး(၉၃၁၉)တင်း၊ သဘာဝမြေသြဇာ(၂၄၆၂) အိတ်၊ ပုလဲမြေဩဇာ(၂၁၆၇)အိတ်၊ ကွန်ပေါင်းမြေဩဇာ(၅၈၈၉)အိတ်၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၂၀၈)သန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငှားရယူ၍ (၁)ဧက အထွက်နှုန်းတိုးစေရေး ဆောင်ရွက်မည်ဖြစ်ပြီး
စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး
Jul 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရက်ကွက်ရ‌ှိ နေအိမ်များဆီသို့ အဘိတ်ဆေးခတ် ပေးခြင်းကို ယနေ့နံနက် (၈:၃၀)နာရီအချိန်က အမှတ်(၁)ရက်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကျင်းပ
Jul 07,2023
ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်)အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jul 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးတွင် ပြုလုပ်ရာ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Jul 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့ အ.ထ.က၌ မူးယစ်တိုက်ဖျက်ရေး စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jul 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။